မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၀း၄၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၂၇)မိနစ်၊ (၀၁)စက္ကန့် အချိန်တွင် တောင်ငူမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၁၁)မိုင်ခန့် ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (တောင်ငူမြို့၏ မြောက်-အနောက်မြောက်ဘက် (၁၀) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၀၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၄၂) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။