DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၈-၂-၂၀၂၅: ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း တွင် အများအားဖြင့် သာယာနေပါသည်။

 

Depression No.8, 2018

ကုန်းတွင်းမုန်တိုင်းငယ်သတိပေးချက်
(၂၀၁၈ ခုနှစ်၊ မေလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)သည်အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မုံရွာမြို့၏ အရှေ့မြောက်ဘက်(၁၀)မိုင်ခန့်၊

မန္တလေးမြို့၏ အနောက်မြောက်ဘက်မိုင် (၄၀)ခန့်၊ ရွှေဘိုမြို့၏ အနောက်တောင်ဘက် မိုင်(၃၀)ခန့်၊ မြင်းခြံမြို့၏ မြောက်-အနောက်မြောက်ဘက် မိုင်(၄၀)ခန့်အကွာတွင်  ဆက်လက်တည်ရှိနေပါသည်။