DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၇-၁၁-၂၀၂၄:ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပါသည်။

 

Daily Weather Forecast

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၆ ခုနှစ်၊ မေလ (၂၈)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက

ရှမ်းပြည်နယ်အရှေ့ပိုင်းနှင်‌့ ကယားပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊

ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာ အနှံ့အပြား၊

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင်‌့ ကရင်ပြည်နယ်တို့တွင်

နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီးနှင်‌့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကျဲကျဲနှင်‌့ 

ကျန်တိုင်းဒေသကြီးနှင်‌့ ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ကာ၊ တနင်္သာရီ

တိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီး

အောက်ပိုင်းတွင် မေလ၏ ပျမ်းမျှ အပူချိန်ထက် (၃)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ ချင်းပြည်နယ်တွင်

မေလ၏ပျမ်းမျှအပူချိန်အောက် (၃)ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့ကာ၊ ကျန်တိုင်း ဒေသကြီးနှင့်

ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် နေ့အပူချိန်များမှာ

မုံရွာမြို့၊ မြင်းခြံမြို့၊ ညောင်ဦး မြို့၊ ချောက်မြို့နှင့် ဘော်လခဲမြို့တို့တွင် (၄၀)ဒီဂရီစင်တီဂရိတ်စီ၊

ရေဦးမြို့၊ မန္တလေးမြို့နှင်‌့ ကျောက်ဆည်မြို့တို့တွင် (၃၉)ဒီဂရီစင်တီဂရိတ်စီ တို့ ဖြစ်ကြပါသည်။

တိုင်းထွာရရှိသည့် ခရမ်းလွန်ရောင်ခြည်ကျရောက်မှု အမြင့်ဆုံးအညွှန်းကိန်းများမှာ နေပြည်တော်တွင်

(၉.၆)၊ ရန်ကုန်မြို့ တွင် (၉.ဝ)နှင့် မန္တလေးမြို့တွင် (၁၀.ဝ)တို့ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာမိုးရေချိန်

များမှာ လောင်းလုံးမြို့တွင် (၄.၂၅)လက်မ၊ မြိတ်မြို့ တွင်(၂.၆၄)လက်မ၊ ထားဝယ်မြို့တွင် (၂.၃၆)လက်မ၊

ကော့သောင်းမြို့တွင် (၂.၂၈)လက်မ၊ ညောင်တုန်းမြို့တွင် (၁.၉၃)လက်မ၊ ကျိုက္ခမီ မြို့တွင် (၁.၈၅)

လက်မ၊ ရန်ကုန် (ဒဂုံမြောက်ပိုင်း)တွင် (၁.၅၀)လက်မ၊ မိုးကုတ်မြို့တွင် (၁.၄၆)လက်မ၊ မြောင်းမြမြို့နှင့်

ချောင်းဆုံမြို့ တို့တွင် (၁.၃၄)လက်မစီတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင်‌့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင်

မုတ်သုံလေ အားအလွန်ကောင်း နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် မွြန်ပည်နယ်တို့တွင်  နေရာအနှံ့အပြား၊

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊

ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင်‌့ ကရင်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင်‌့ တောင်ပိုင်း)

တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင်‌့ ပြည်နယ်တို့တွင် နေရာကွက်ကျား မိုး ထစ်ချုန်းရွာပြီး၊

တနင်္သာရီတိုင်းဒေသကြီးနှင်‌့ မွန်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။   မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် 

ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါ တစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ

လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် (၃၅)မိုင်အထိ

တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။     ကပ္ပလီပင်လယ်ပြင်နှင်‌့ ဘင်္ဂလားပင်လယ်အော်

အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့် အတင့်မှ အားကောင်းနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀%)ဖြစ်ပါ သည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။    မိုးတစ်ကြိမ်၊ နှစ်ကြိမ်

ထစ်ချုန်းရွာမည်။  ရွာရန်ရာနှုန်းပြည့်ဖြစ်ပါ သည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။    နေရာကွက်ကျား

မိုးထစ်ချုန်းရွာနိုင်ပါသည်။  ရွာရန်ရာနှုန်း (၆၀%) ဖြစ်ပါသည်။