DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

(၄.၁၂.၂၀၂၀)  ယနေ့မြန်မာစံတော်ချိန် (၂၂:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ရမ်မန်သာပူရမ် (Ramanathapuram) ခရိုင်အနီး ကမ်းခြေတွင် ဖြစ်ပေါ်နေသော အားကောင်း သော မုန်တိုင်းငယ်(Deep Depression)သည် သိသိသာသာရွေ့လျားခြင်းမရှိဘဲ မုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ် (Depression) သည် နောက်(၁၂)နာရီအတွင်း လေဖိအားနည်းရပ်ဝန်း(Low Pressure Area) အဖြစ် အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှတိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။