DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၈-၁-၂၀၂၅: ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

၂၀၂၁ ခုနှစ်၊ ဇွန်လ လပတ်အတွက် မိုးလေ၀သခန့်မှန်းချက်

၂၀၂၁ ခုနှစ်၊ ဇွန်လ လပတ်အတွက် မိုးလေ၀သခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ

၁။      အနောက်တောင်မုတ်သုံလေသည် ဇွန်လ (၂-၅)ရက်နေ့အတွင်း မြန်မာနိုင်ငံ

တစ်ဝှမ်းလုံးသို့ ၀င်ရောက်နိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း

ရပ်၀န်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ‌

ရောက်ရှိနိုင်ပါသည်။ ယင်းကာလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား

ပင်လယ်အော်တို့တွင် အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ

အားကောင်းနိုင်ပါသည်။

မိုးအခြေအနေနှင့် မိုးရွာရက်

၂။       မိုးရွာသွန်းမှုအ‌ခြေအနေမှာ ကချင်ပြည်နယ်တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊

စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်း

ဒေသကြီးတို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်း

တိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ

တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်

နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်

မိုးထစ်ချုန်းရွာနိုင်ပါသည်။

၃။         ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊

တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်

ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၁)ရက်မှ (၂၆)ရက်ခန့်၊

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်

အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၁၅)ရက်မှ (၂၀)ရက်ခန့်

နှင့် စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်း

ဒေသကြီးတို့တွင် (၉)ရက်မှ (၁၄)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။