DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၆-၁-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

နေ့စဉ်မိုးလေဝသသတင်း (၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့  မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက

တစ်ပြည်လုံးတွင် နေရာအနှံ့အပြား မိုးရွာခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်း

ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့်

မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။

မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ မာန်အောင်မြို့တွင် (၈.၉၀)လက်မ၊ တောင်ကုတ်မြို့တွင် (၈.၃၁)

လက်မ၊ ကျောက်ဖြူမြို့တွင် (၇.၃၂)လက်မ၊ တမူးမြို့တွင် (၆.၉၇)လက်မ၊ ထမံသီမြို့တွင် (၆.၀၂)

လက်မ၊ မြောက်ဦးမြို့တွင် (၅.၉၀)လက်မ၊ ရန်ကုန် (ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်)တွင် (၅.၇၁)

လက်မ၊ အမ်းမြို့တွင် (၄.၈၈)လက်မ၊ ရွှေကျင်မြို့တွင် (၄.၇၂)လက်မ၊ ခန္တီးမြို့တွင် (၄.၆၄)လက်မ၊

ဘီးလင်းမြို့တွင် (၄.၄၉)လက်မ၊ မကွေးမြို့တွင် (၄.၂၉)လက်မ၊ သံတွဲမြို့တွင်(၄.၂၂)လက်မ၊

ညောင်လေးပင်မြို့တွင် (၄.၁၇)လက်မ၊ သရက်မြို့တွင် (၄.၁၃)လက်မ၊ ပလက်ဝမြို့နှင့် သထုံမြို့

တို့တွင် (၄.၀၂)လက်မစီ၊ ကျောက်တော်မြို့တွင် (၃.၉၈)လက်မ၊ အောင်လံမြို့ တွင် (၃.၉၄)လက်မ

တို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်

မုတ်သုံလေ အားအလွန်ကောင်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တစ်ပြည်လုံးတွင် နေရာအနှံ့အပြား မိုးရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး

အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း

ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသ

အလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်

(တောင်ပိုင်း)၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်

ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ

မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည်

တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်

နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၅)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။    မိုးအသင့်အတင့် ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။        မိုးပြတ်တောင်းရွာပြီး၊ တစ်ခါတစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။        မိုးအသင့်အတင့် ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။