နေစဉ်မိုးလေဝသသတင်း
(၂၀၁၅ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက
ကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်နေရာအနှံ့အပြား၊စစ်ကိုင်းတိုင်းဒေသကြီးတွင်နေရာစိပ်စိပ်၊
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင်နေရာကျဲကျဲ၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး
နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာခဲ့ပြီး၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်
တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပါသည်။နေ့အပူချိန်များမှာစစ်ကိုင်းတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်
တို့တွင်ဧပြီလ၏ပျမ်းမျှအပူချိန်တို့အောက်(၃)ဒီဂရီစင်တီဂရိတ်မှ(၄)ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့ပြီး၊
ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်ဧပြီလ၏ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ထူးခြားသည့်
နေ့အပူချိန်များမှာကြို့ပင်ကောက်မြို့တွင်(၄၁)ဒီဂရီစင်တီဂရိတ်နှင့်မြင်းခြံမြို့၊ချောက်မြို့၊မကွေးမြို့၊
တောင်ငူမြို့၊သာယာဝတီမြို့၊ညောင်လေးပင်မြို့၊ရန်ကုန်(မင်္ဂလာဒုံ)၊ဟင်္သာတမြို့၊ဘော်လခဲမြို့နှင့်
သိမ်ဇရပ်မြို့တို့တွင်(၄၀)ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ကြပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာ
မောင်တောမြို့တွင်(၁.၄၅)လက်မ၊ကျောက်တော်မြို့တွင်(ဝ.၆၇)လက်မ၊မော်လိုက်မြို့တွင်(ဝ.၅၉)
လက်မ၊ပလပ်ဝမြို့တွင်(ဝ.၅၅)လက်မ၊ဟားခါးမြို့တွင်(ဝ.၅၁)လက်မ၊ဖလမ်းမြို့တွင်(ဝ.၂၄)လက်မနှင့်
ဗန်းမော်မြို့တွင်(ဝ.၁၆)လက်မတို့ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြအနေ။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်
တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊တနင်္သာရီတိုင်း
ဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာ
ကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပြီး၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်း
မည်။ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင်နေရာကွက်ကျား
မိုးဆက်လက်ထစ်ချုန်းရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့်
ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့်
ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား
မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်ပါသည်။ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။