DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၇-၁-၂၀၂၅: ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

လပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွက် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်

(၂၈-၁၀-၂၀၁၉ ရက်နေ့ ထုတ်ပြန်သည်)

      ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် -ပေ မှ ၄-ပေခန့်၊ ပခုက္ကူ မြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၅-ပေ မှ ၇-ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။

    ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၂-ပေ မှ ၃-ပေခန့်၊ မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင်  ၃-ပေ မှ ၅-ပေခန့် လက်ရှိရေမှတ် များအောက် ကျဆင်းလာနိုင်ပါသည်။