DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၀-၁-၂၀၂၅: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

မြစ်ရေကြီးမှုအခြေနေသတင်း

မြစ်ရေကြီးမှုအခြေအနေသတင်း

 (၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်၊ (၀၈:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

ဧရာဝတီမြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ

      ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၉)လက်မခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်  နောက်(၃)ရက်အတွင်းယင်းမြို့၏  စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းရှိနိုင်ပါသည်။

    ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြိုတွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်  နောက်(၃)ရက်အတွင်းယင်းမြို့၏  စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

   ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၈)လက်မခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်  နောက်(၃)ရက်အတွင်းယင်းမြို့၏  စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

အကြံပြုချက်

   သို့ဖြစ်ပါ၍ ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်များတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ် ပါသည်။