Tuesday, July 18, 2017 - 20:15
မုန်တိုင်းငယ်အခြေအနေ
(၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့ မြန်မာစံတော်ချိန်(၆:၃၀)နာရီအချိန်ထုတ်ပြန်ချက်)
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၄)၊၂၀၁၇
မုန်တိုင်းငယ်အခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၀၆:၀၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်
အော်အနောက်မြောက်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသော သြရိဿကမ်းခြေနှင့်
အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်ခဲ့သောမုန်တိုင်းငယ် (Depression)
သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး သြရိဿကမ်းခြေတောင်ပိုင်းကို ပူရီမြို့
တောင်ဘက်အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်ပါသည်။