DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

(၂၇) ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသတွင်း ဉီးဆောင်ကော်မတီအဖွဲ့၏ နိုင်ငံတကာဇလဗေဒဆိုင်ရာ အစည်းအဝေး

(၂၇) ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသတွင်း ဉီးဆောင်ကော်မတီအဖွဲ့၏  နိုင်ငံတကာဇလဗေဒဆိုင်ရာ အစည်းအဝေး

သတင်း ထုတ်ပြန်ချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (United Nations Educational, Scientific and Cultural-UNESCO) နှင့် ပူးပေါင်း၍ (၂၇) ကြိမ်မြောက် အာရှ-ပစိဖိတ် ဒေသတွင်း ဉီးဆောင်ကော်မတီအဖွဲ့၏ နိုင်ငံတကာဇလဗေဒဆိုင်ရာ အစည်းအဝေး (The 27th UNESCO-IHP Regional Steering Committee Asia-Pacific Meeting) ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင်  နေပြည်တော်၊  Royal ACE ဟိုတယ် တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 အဆိုပါအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး  နှင့် အာရှ-ပစိဖိတ် ဒေသတွင်း ဉီးဆောင်ကော်မတီအဖွဲ့၏ ဥက္ကဌ Prof. Dr. IGNASIUS SUTAPA တို့က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အာရှ-ပစိဖိတ် ဒေသတွင်း ဉီးဆောင်ကော်မတီအဖွဲ့ ၏  အတွင်းရေးမှူး Dr. Yasuto Tachikawa နှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO) မှ Dr. Hans Dencker Thulstrup တို့မှ  အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့ပါသည်။

            ဖွင့်ပွဲအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ UNESCO-IHP မှ ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ပညာရှင်များ၊ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၊ မြန်မာနိုင်ငံအခြေစိုက် UNESCO နှင့် CTI Myanmar Co., Ltd မှ ကိုယ်စားလှယ်များ စုစုပေါင်း (၇၀) ဉီးခန့် တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေး၏ ရည်ရွယ်ချက်များမှာ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများရှိ မြစ်များ၏ ရေနှင့်ဆက်စပ်နေသည့် သတင်းအချက်အလက်များ၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ ဇလဗေဒ ဆိုင်ရာ ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှု လျှော့ချနိုင်ရေးအတွက် သိပ္ပံနည်းကျ ဆောင် ရွက်ရမည့် အစီအစဉ်များကို သတ်မှတ်၍ ညှိနှိုင်းဆွေးနွေးရန်နှင့် အစည်းအဝေးများတွင် နိုင်ငံ  အသီးသီးက တင်ပြဆွေးနွေးသည့် သတင်းအချက်အလက်များကို အခြေခံ၍ အပြည်ပြည်ဆိုင်ရာ ဦးဆောင်ကော်မတီအဖွဲ့က ဦးဆောင်ပြီး ရေနှင့်ဆက်စပ်နေသည့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆိုင်ရာ သင်တန်းများ၊ အတွေ့အကြုံဖလှယ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲများကို ဆောင်ရွက်ရန် ဖြစ်ပါ သည်။