DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၈-၀၃-၂၀၂၄):ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်  ဖြစ်ထွန်းနေပါသည်။

 

 

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ လပတ်အတွက် မိုးလေ၀သခန့်မှန်းချက်

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ လပတ်အတွက် မိုးလေ၀သခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ

၁။      ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်‌၀န်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊

(၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ‌ရောက်ရှိနိုင်ပါသည်။

အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်ရှိနိုင်ပါသည်။ ဇူလိုင်လတွင်

မုတ်သုံလေအားပြတ်ခြင်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။

မိုးအခြေအနေနှင့် မိုးရွာရက်

၂။   မိုးရွာသွန်းမှုအ‌ခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ချင်းပြည်နယ်

တို့တွင် ရွာသွန်း မြဲထက်ပိုနိုင်ပြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲ

အောက်လျော့နိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး

တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊

ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊

ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

၃။  စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊

ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊  ရှမ်းပြည်နယ်

(တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်

(၂၁)ရက်မှ (၂၆)ရက်ခန့်၊ နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်

(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်တို့တွင် (၁၅)ရက်မှ (၂၀)ရက်ခန့်နှင့်

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် (၉)ရက်မှ (၁၄)

ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။