DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၈-၁၀-၂၀၂၄: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

၂၀၁၅ခုနှစ်၊ ဧပြီလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်

၂၀၁၅ခုနှစ်၊ ဧပြီလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်

(၈- ၄-၂၀၁၅)ရက်နေ့တွင် ထုတ်ပြန်ပါသည်

ဘင်္ဂလားပင်လယ်အော်အခြေအနေ

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင်လေဖိအားနည်းရပ်ဝန်း(၁)ကြိမ်ဖြစ်ပေါ်နိုင်ပါသည်။

ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသင့်အတင့်မှတိမ်ထူထပ်နိုင်ပါသည်။

မိုးအခြေအနေနှင့် မိုးရွာရက်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊

မန္တလေးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်ရွာသွန်းမြဲခန့်

ရွာကာ၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်ရွာသွန်းမြဲအောက်မိုးထစ်ချုန်းရွာနိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင်(၄)ရက်မှ(၆)ရက်ခန့်၊မန္တလေးတိုင်းဒေသကြီး၊

တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်(၃)ရက်မှ(၅)ရက်ခန့်နှင့်

ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်(၁)ရက်မှ(၂)ရက်ခန့်မိုးထစ်ချုန်းရွာနိုင်ပါသည်။

နေ့အပူချိန်အခြေအနေ

မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်း

ဒေသကြီး၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်ဧပြီလ၏ပျမ်းမျှအပူချိန်တို့ထက်ပိုနိုင်ပြီး၊ကျန်တိုင်းဒေသကြီး

နှင့်ပြည်နယ်တို့တွင်ဧပြီလ၏ပျမ်းမျှ အပူချိန်ခန့်သာရှိနိုင်ပါသည်။