DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၂၃-၅-၂၀၂၄ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းတွင် ၂၄-၅-၂၀၂၄ ရက်နေ့၌ မုန်တိုင်းငယ်(Depression)အဖြစ် သို့ ရောက်ရှိနိုင်ပါသည်။ ထို့နောက် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ပိုမို အားကောင်းလာနိုင်ကာ ၂၅-၅-၂၀၂၄ ရက်နေ့ ညနေပိုင်းတွင် ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။

၂၀၁၅ခုနှစ်၊မိုးလယ်ကာလခန့်မှန်းချက်(၂၈.၆.၂၀၁၅)

                         ၂၀၁၅ခုနှစ်၊ မိုးလယ်ကာလခန့်မှန်းချက်

                    (၂၈.၆.၂၀၁၅)

 ၂၀၁၅ခုနှစ်၊ မိုးလယ်ကာလ သတ်မှတ်ခြင်း

၂၀၁၅ခုနှစ်၊ မိုးလယ်ကာလသည်၂၀၁၅ ခုနှစ်၊ဇူလိုင်လ(၁)ရက်နေ့မှသြဂုတ်လ(၃၁)နေ့(့မြန်မာသက္ကရာဇ်

၁၉၇၇ခုနှစ်၊ ပထမဝါဆိုလပြည့်နေ့မှဝါခေါင်လဆုတ်(၁)ရက်နေ့)အထိဖြစ်ပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ

ဘင်္ဂလားပင်လယ်အော်‌တွင်လေဖိအားနည်းရပ်ဝန်း(၃)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊(၂)ကြိမ်တွင်ပိုမိုအားကောင်းလာကာ

မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါသည်။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်‌တို့တွင်မုတ်သုံလေ

အားအသင့်အတင့်မှအားကောင်းနိုင်ပါသည်။မိုးလယ်ကာလတွင်မုတ်သုံလေအားပြတ်ခြင်း(၁)ကြိမ်ဖြစ်ပေါ်

နိုင်ပါသည်။

မိုးအခြေအနေ

ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်

နယ်တို့တွင်ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်ရွာသွန်းမြဲအောက်

လေ ျာ့နည်းကာ၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်ရွာသွန်းမြဲခန့်ရွာနိုင်ပါသည်။