DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၂-၁၁-၂၀၂၄: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

(၁၀)ရက်ပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၉ ခုနှစ်၊  သြဂုတ်လ ဒုတိယ(၁၀)ရက်ပတ်အတွက် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်

(၈-၈-၂၀၁၉ ရက်နေ့ ထုတ်ပြန်သည်)

         ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့ တို့တွင် ၃-ပေမှ  ၅-ပေခန့်နှင့် မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့ တို့တွင် ၁-ပေမှ  ၂-ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်  ၁-ပေမှ  ၂-ပေခန့် လက်ရှိရေအမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။

          ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၃-ပေမှ ၆-ပေခန့် လက်ရှိရေ မှတ်များအထက် မြင့်တက်လာနိုင်ပါသည်။