DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၅-၁-၂၀၂၅: ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

(၁၀)ရက်ပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၇ ခုနှစ် ဇွန်လ၊ ဒုတိယ (၁၀)ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက်

(၈-၆-၂၀၁၇ ရက်နေ့ ထုတ်ပြန်သည်) 

                  ဧရာဝတီမြစ်ရေသည် ဇွန်လ ဒုတိယ(၁၀)ရက်ပတ်အတွင်း  မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၈-ပေမှ ၁၀-ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့ တို့တွင် ၅-ပေမှ ၇-ပေခန့်နှင့်  ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၂-ပေမှ ၄-ပေခန့် မြင့်တက်လာနိုင်ပါသည်။

                  ချင်းတွင်းမြစ်ရေသည် ဇွန်လ ဒုတိယ(၁၀)ရက်ပတ်အတွင်း  ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့တို့တွင် ၉-ပေမှ ၁၁-ပေခန့် မြင့်တက်လာနိုင်ပြီး၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၆-ပေမှ ၈-ပေခန့် မြင့်တက်လာနိုင်ပါသည်။