၂၀၁၈ ခုနှစ်၊ ဧပြီလ၊ ပထမ(၁၀)ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက်
(၂၈-၃-၂၀၁၈ ရက်နေ့ ထုတ်ပြန်သည်)
ဧရာဝတီမြစ်ရေသည် ဧပြီလ ပထမ(၁၀)ရက်ပတ်အတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၃-ပေမှ ၅-ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့တွင် ၁-ပေမှ ၃-ပေခန့် မြင့်တက်လာနိုင်ပြီး အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၁-ပေမှ ၂-ပေခန့် ကျဆင်းလာ နိုင်ပါသည်။
ချင်းတွင်းမြစ်ရေသည် ဧပြီလ ပထမ(၁၀)ရက်ပတ်အတွင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့ တို့တွင် ၃-ပေမှ ၄-ပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၁-ပေမှ ၂-ပေခန့် မြင့်တက်လာနိုင်ပါသည်။