DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၆-၁၂-၂၀၂၄: ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

(၁၀)ရက်ပတ်မြစ်ရေခန့်မှန်းချက်

၂၀၁၅ခုနှစ်ဇွန်လပထမ(၁၀)ရက်ပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

(၂၈-၅-၂၀၁၅ ရက်နေ့ထုတ်ပြန်သည်)

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ကသာမြို့တို့တွင်(၅)ပေမှ (၇)ပေခန့်၊ မန္တလေးမြို့၊့ စစ်ကိုင်းမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့်အောင်လံမြို့တို့တွင် (၃)ပေမှ (၅) ပေခန့် ၊  ပြည်မြို့၊  ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်  (၁)ပေမှ (၂)ပေခန့် လက်ရှိရေမှတ်များ၏အထက် မြင့်တက်လာနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင်(၄)ပေမှ (၅)ပေခန့်နှင့် မော်လိုက်မြို့၊ ကလေး၀ မြို့နှင့် မုံရွာမြို့တို့တွင် (၂)ပေမှ (၃)ပေခန့် လက်ရှိရေမှတ်များ‌၏ အထက်မြင့်တက်လာနိုင်ပါသည်။