နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန်ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းက
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်နေရာကွက်ကျား
မိုးအနည်းငယ်ရွာခုဲ့ပြီး၊ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ကာ၊ကျန်တိုင်း
ဒေသကြီးနှင့်ပြည်နယ်တို့တွင်အများအားဖြင့် သာယာခဲ့ပါသည်။ညအပူချိန်များမှာရှမ်းပြည်နယ်(အရှေ့ပိုင်း)
တွင်ဖေဖော်ဝါရီလ၏ပျမ်းမျှအပူချိန်အောက်(၃)ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့ပြီး၊ကချင်ပြည်နယ်တွင်
ဖေဖော်ဝါရီလ၏ပျမ်းမျှအပူချိန်ထက်(၃)ဒီဂရီစင်တီဂရိတ်ပိုခဲ့ကာ၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့
တွင် ဖေဖော်ဝါရီလ၏ပျမ်မျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ထူးခြားသည့်ညအပူချိန်များမှာဟာခါးမြို့တွင်(၃)
ဒီဂရီစင်တီဂရိတ်နှင့်နမ့်စန်မြို့၊ပင်လောင်းမြို့နှင်လွိုင်လင်မြို့တို့တွင်(၅)ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ကြပါ
သည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာခန္တီးမြို့တွင်(ဝ.၅၅)လက်မနှင့်ဟုမ္မလင်းမြို့တွင်(ဝ.၁၂)လက်မ
တို့ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်
တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်အများအားဖြင့်သာယာနေပါသည်၊
မနက်ဖြန့်ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီးနှင့်
ကချင်ပြည်နယ်၊ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးအနည်းငယ်ရွာနိုင်ပြီး၊စစ်ကိုင်း
တိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့်ကရင်ပြည်နယ်
တို့တွင်တိမ်အသင့်အသင်ြ့ဖစ်ထွန်းကာ၊ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်အများအားဖြင့်
သာယာမည်။ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။လှိုင်းအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင်ညအပူချိန်များ
အနည်းငယ် တိုးလာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။သာယာမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန့်ညနေထိခန့်မှန်းချက်။အများအားဖြင်သာယာမည်။