DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၅-၁၁-၂၀၂၄: ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။

 

နေ့စဉ်မိုးလေဝသခန့်မှန်းချက်

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၅ ခုနှစ်၊ မတ်လ (၉)ရက်နေ့ မွန်းလွဲ (၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းက

တနင်္သာရီတိုင်းဒေသကြီးတွင်နေရာကွက်ကျားမိုးအနည်းငယ်ထစ်ချုန်းရွာခဲ့ပြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်

မွန်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ကာ၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်အများအားဖြင့်

သာယာခဲ့ပါသည်။နေ့အပူချိန်များမှာကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင်မတ်လ၏ပျမ်းမျှအပူချိန်

တို့ထက်(၃)ဒီဂရီစင်တီဂရိတ်မှ(၄)ဒီဂရီစင်တီဂရိတ်ထိပိုခဲ့ပြီး၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်မတ်လ၏

ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ထူးခြားသည့်နေ့အပူချိန်များမှာချောက်မြို့နှင့်ဘော်လခဲမြို့တို့တွင်(၄၀)ဒီဂရီစင်တီ

ဂရိတ်စီတို့ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာမိုးရေချိန်မှာမြိတ်မြို့ တွင်(ဝ.၃၁)လက်မဖြစ်ပါသည်။

ဘင်္ဂလားပင်လယ်အော်အခြအနေ။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်အများအားဖြင့်သာယာနေပြီး၊

ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်ကျား

မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်ပြီး၊ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်

တိမ်အသင့်အတင့်ဖြစ်ထွန်းကာကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်အများအားဖြင့်သာယာမည်။

ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တစ်ပြည်လုံးတွင် နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ အများအားဖြင့်သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ သာယာမည်။