နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၅ ခုနှစ်၊ ဇူလိုင်လ(၇)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက
ကယားပြည်နယ်တွင်နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး
တို့တွင်နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ရှမ်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာ
စိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးရွာခဲ့ဲ့ပြီး၊ မကွေးတိုင်းဒေသကြီး၊
ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်ဒေသအလိုက်နှင့် ရန်ကုန်တိုင်းဒေသကြီးနှင့်ကရင်ပြည်နယ်တို့တွင်
နေရာကွက်၍မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာခရမ်းမြို့တွင်(၅.၂၄)လက်မ၊တောင်ကုတ်မြို့
နှင့်မာန်အောင်မြို့တို့တွင်(၅.၁၂)လက်မစီ၊ဘီးလင်းမြို့တွင်(၃.၈၆)လက်မ၊သထုံမြို့တွင်(၃.၇၀)လက်မ၊
ကြာအင်းဆိပ်ကြီးမြို့တွင်(၃.၃၄)လက်မ၊ထီးလင်းမြို့တွင်(၃.၁၈)လက်မ၊မင်းတပ်မြို့နှင့်ဘားအံမြို့တို့တွင်
(၂.၉၉)လက်မစီနှင့်နေပြည်တော် (ဇမ္ဗူသီရိ)တွင် (၁.၄၆)လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အွခေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေ
အားကောင်းရာမှအားအလွန်ကောင်းနေပါသည်။
မနက်ဖြန်ညနေထိခန့်မှန်းချက်။ ကယားပြည်နယ်တွင်နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေး
တိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်
နေရာအနှံ့အပြားမိုးရွာပြီး၊ရခိုင်ပြည်နယ်တွင်ဒေသအလိုက်နှင့်ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်း
ဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့်မွန်ြ့ပည်နယ်တို့တွင်
နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံ
မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်
တစ်နာရီလျှင်မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် မိုးပိုနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။မိုးတစ်ကြိမ်၊နှစ်ကြိမ်ရွာမည်။
ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးအသင့်အတင့်ရွာမည်။ရွာရန်
ရာနှုန်းပြည့်ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။နေရာကွက်ကျားမိုးရွာမည်။ရွာရန်
ရာနှုန်းပြည့်ဖြစ်ပါသည်။