DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၄-၁-၂၀၂၅: ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၅ ခုနှစ်၊ ဇွန်လ(၉)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်

တို့တွင်နေရာအနှံ့အပြား၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ကရင်

ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာစိပ်စိပ်၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်တနင်္သာရီတိုင်း

ဒေသကြီးတို့တွင်နေရာကျဲကျဲနှင့်က ျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်း

ရွာခဲ့ကာ၊ရခိုင်ပြည်နယ်တွင်ဒေသအလိုက်မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာစစ်တွှေမြို့တွင်

(၆.၄၂)လက်မ၊မောင်တောမြို့တွင်(၅.၇၉)လက်မ၊ကျောက်ဖြူမြို့တွင်(၃.၅၀)လက်မ၊မြောက်ဦးမြို့တွင်(၃.၂၃)

လက်မ၊ဖြူးမြို့တွင်(၂.၄၄)လက်မ၊ခန္တီးမြို့နှင့်ရေးမြို့တို့တွင်(၁.၉၇)လက်မစီ၊ရွှေကျင်မြို့တွင်(၁.၉၃)လက်မနှင့်

ပလက်ဝမြို့တွင်(၁.၇၇)လက်မတို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေ

အားအနည်းငယ်မှအားအသင့်အတင့်ရှိနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်း

ဒေသကြီးနှင့်ကယားပြည်နယ်တို့တွင်နေရာကွက်ကျား၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊တနင်္သာရီတိုင်း

ဒေသကြီး၊ရှမ်းပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်နေရာက ျဲက ျဲ၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာ

စိပ်စိပ်နှင့်က ျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ရခိုင်ပြည်နယ်တွင်

နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

မန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင်ထစ်ချုန်းမည့်အခြေအနေများ

ဖြစ်ပေါ်နေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်ထစ်ချုန်း

ရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်ထစ်ချုန်းရွာမည်။

ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပါ

သည်။ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။