နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၅ခုနှစ်၊ မေလ(၁)ရက်နေ့ နံနက်(ရး၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့်
သာယာနေပြီး၊ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသင့်အတင့်မှ
တိမ်ထူထပ်နေပါသည်။
မနက်ဖြန်ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီး၊
ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲနှင့်စစ်ကိုင်းတိုင်းဒေသကြီအောက်ပိုင်း၊
မန္တလေးတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်နေရာကွက်ကျား
မိုးထစ်ချုန်းရွာနိုင်ပြီး၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။
ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် မိုးဆက်လက်
ထစ်ချုန်းရွာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့်
ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့်
ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်း
ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။