DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၁-၁၂-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်ဘက် ရေမိုင် ၅၁၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့(Visakhapatnam)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၃၀ မိုင်ခန့် အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပါသည်။

 

နေ့စဉ်မိုးလေဝသခန့်မှန်းချက် (၂၈.၅.၂၀၁၅)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၅ ခုနှစ်၊ မေလ(၂၈)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အက ျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ

အတွင်းကတနင်္သာရီတိုင်းဒေသကြီးတွင်နေရာအနှံ့အပြား၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊

ရှမ်းပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာက ျဲက ျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေး

တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ကချင်

ပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာခဲ့ပြီး၊မန္တလေး

တိုင်းဒေသကြီးတွင်နေရာကွက်၍မိုးကြီးခဲ့ကာ၊က ျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အသင့်

အတင့်ဖြစ်ထွန်းခဲ့ပါသည်။နေ့အပူချိန်များမှာကယားပြည်နယ်တွင်မေလ၏ပျမ်းမျှအပူချိန်ထက်

(၃)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊က ျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်မေလ၏ပျမ်းမျှအပူချိန်ခန့်သာ

ရှိခဲ့ပါသည်။ထူးခြားသည့်နေ့အပူချိန်များမှာချောက်မြို့တွင်(၄၂)ဒီဂရီစင်တီဂရိတ်နှင့်မြင်းခြံမြို့တွင်

(၄၁)ဒီဂရီစင်တီဂရိတ်တို့ဖြစ်ကြပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာမိုးကုတ်မြို့တွင်(၃.၀၇)

လက်မ၊ကေ ျာက်မဲမြို့တွင်(၂.၀၉)လက်မ၊မော်လိုက်မြို့တွင်(၁.၂၆)လက်မ၊ပုသိမ်မြို့နှင့်တမူးမြို့

တို့တွင်(၁.၁၈)လက်မစီ၊ကလေးဝမြို့တွင်(၁.၁၄)လက်မ၊ကော့သောင်းမြို့တွင်(၁.၀၆)လက်မနှင့်

မြောင်းမြမြို့တွင်(ဝ.၉၄)လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့်

အရှေ့အလယ်ပိုင်းတို့တွင်မုတ်သုံလေအားအသင့်အတင့်ရှိနေပြီး၊က ျန်ဘင်္ဂလားပင်လယ်အော်တွင်

တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင်နေရာအနှံ့အပြား၊ကရင်ပြည်နယ်နှင့်

မွန်ပြည်နယ်တို့တွင်နေရာစိပ်စိပ်၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ပဲခူး

တိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နှင့်

ရခိုင်ပြည်နယ်တို့တွင်နေရာက ျဲက ျဲနှင့်က ျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာကွက်က ျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင်ထစ်ချုန်းမည့်အခြေ

အနေများဖြစ်ပေါ်နေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်က ျားမိုးထစ်ချုန်း

ရွာနိုင်ပါသည်။ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်း

ရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်း

ရွာနိုင်ပါသည်။ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။