နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ
အတွင်းကကရင်ပြည်နယ်တွင်နေရာကွက်ကျားမိုးအနည်းငယ်ရွာခဲ့ပြီး၊စစ်ကိုင်းတိုင်းဒေသကြီး
အထက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ကာ၊
ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်အများအာဖြင့်သာယာခဲ့ပါသည်။ညအပူချိန်များမှာတစ်ပြည်လုံးတွင်
ဖေဖော်ဝါရီလ၏ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ထူးခြားသည့်ညအပူချိန်များမှာပင်လောင်းမြို့နှင့်ဟားခါးမြို့
တို့တွင်(၄)ဒီဂရီစင်တီဂရိတ်စီ၊ဟဲဟိုးမြို့တွင်(၅)ဒီဂရီစင်တီဂရိတ်၊နမ့်စန်မြို့ နှင့်လွိုင်လင်မြို့တို့တွင်(၆)ဒီဂရီ
စင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာမိုးရေချိန်မှာကော့ကရိတ်မြို့တွင်(ဝ.၀၈)လက်မ
ဖြစ်ပါသည်။
ဘင်္ဂလားပင်လယ်အော်အခြအနေ။ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင်တိမ်အသင့်အတင့်
ဖြစ်ထွန်းနေပြီး၊ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် အများအားဖြင့်သာယာနေပါသည်။
မနက်ဖြန်ညနေထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင်နေရာကွက်ကျားမိုးအနည်းငယ်ရွာနိုင်ပြီး၊စစ်ကိုင်းတိုင်း
ဒေသကြီးအထက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်
ဖြစ်ထွန်းကာ၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်အများအားဖြင့်သာယာမည်။ရွာရန်ရာနှုန်း(၆၀)
ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံမြောက်ပိုင်းစွန်းဒေသများတွင်နေရာကွက်ကျား
မိုးအနည်းငယ်ရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ သာယာမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ သာယာမည်။