နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့ ညနေ(၄း၀၀)နာရီအချိန်ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်း
ကရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေရာကွက်ကျားမိုးအနည်းငယ်ရွာခဲ့ပြီး၊တနင်္သာရီတိုင်းဒေသကြီးနှင့်
ကချင်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ကာ၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်
အများအားဖြင့်သာယာခဲ့ပါသည်။ညအပူချိန်များမှာရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင်ဖေဖော်ဝါရီလ၏
ပျမ်းမျှအပူချိန်ထက်(၄)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ
၏ပျမ်းမျှအပူချိန်တို့အောက်(၃)ဒီဂရီစင်တီဂရိတ်မှ(၄)ဒီဂရီစင်တီဂရိတ်ထိလျော့နည်းခဲ့ကာ၊ကျန်တိုင်း
ဒေသကြီးနှင့်ပြည်နယ်တို့တွင်ဖေဖော်ဝါရီလ၏ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ထူးခြားသည့်ည
အပူချိန်များမှာဟားခါးမြို့တွင်(ဝ)ဒီဂရီစင်တီဂရိတ်၊ပူတာအိုမြို့တွင်(၃)ဒီဂရီစင်တီဂရိတ်နှင့်နမ်စန်မြို့
၊လွိုင်လင်မြို့ ၊ပြင်ဦးလွင်မြို့ နှင့်မိုးကုတ်မြို့တို့တွင်(၅)ဒီဂရီစင်တီဂရိတ်စီတ်ို့ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တွင်တိမ်အသင့်အတင့်
မှတိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တွင်အများအားဖြင့်
သာယာနေပါသည်။
မနက်ဖြန်ညနေထိခန့်မှန်းချက်။ ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊
ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး၊ကျန်တိုင်း
ဒေသကြီးနှင့်ပြည်နယ်တို့တွင်အများအားဖြင့်သာယာမည်။ရွာရန်ရာနှုန်း (၆၀)ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်
တစ်ခါတစ်ရံအရှေ့ဘက်မှလေပြင်းများတိုက်ခတ်ပြီး၊လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။
အရှေ့ဘက်မှလေပြင်းများတိုက်ခတ်စဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၃၀)
အထိတိုက်ခတ်နိုင်ပါသည်။ကျန်မြန်မာ့ပင်လယ်ပြင်တွင်လှိုင်းအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တစ်ပြည်လုံးတွင်အများအားဖြင့်သာယာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။အများအားဖြင့်သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ အများအားဖြင့်သာယာမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ သာယာမည်။