Tuesday, October 9, 2018 - 07:15
အားကောင်းသောမုန်တိုင်းငယ်သတင်း
(၂၀၁၈ ခုနှစ်၊ ရက်စွဲ။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့
မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃)၊၂၀၁၈
အားကောင်းသောမုန်တိုင်းငယ်အခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန်(၀၆:၃၀)နာရီအချိန် တိုင်းထွာချက် များအရ ဘင်္ဂလားပင်လယ်အော်
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အနောက်-အနောက်
မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ် (Deep
Depression)အဖြစ် သို့ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ် (Deep
Depression)သည် ၊ အိန္ဒိယနိုင်ငံ၊ဂိုလ်ပါပူမြို့(Gopalpur) ၏ အရှေ့တောင်ဘက် မိုင်(၃၁၀)ခန့်၊
ကလင်ဂါပတ္တနမ်မြို့ (Kalingapatinam)၏ အရှေ့ တောင်ဘက် မိုင်(၂၈၀)ခန့်အကွာ ပင်လယ်ပြင်
ကို ဗဟိုပြုနေပါသည်။
(ခ) အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ
ဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
အားကောင်းသောမုန်တိုင်းငယ်၏တည်နေရာ၊ ဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က) အဆိုပါအားကောင်းသောမုန်တိုင်းငယ်(Deep Depression) သည် မြန်မာစံတော်ချိန်
(၀၆:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၄.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.၉)ဒီဂရီတွင်
ရှိပြီး၊ ဗဟိုချက် လေဖိအား (၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ
လျှင် မိုင်(၄၀)နှုန်း ဖြစ်ပါသည်။
နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
(က) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression) အနောက်မြောက်ဘက်သို့
ရွေ့လျားနိုင်ပြီး၊ နောက်(၂၄)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အဖြစ်သို့
ရောက်ရှိနိုင်ပါ သည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
(က) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် (၉.၁၀.၂၀၁၈)ရက်နေ့မှ
(၁၃.၁၀.၂၀၁၈) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေ
သကြီး၊ မကွေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်
နယ်တို့ တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသ အလိုက်နှင့် နေရာ
ကွက်၍ မိုးကြီးနိုင်ပါသည်။
(ခ) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်
ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်
/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်
ပြင်တွင် လှိုင်း အသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်း
ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့်နှင့် မုတ္တမကွေ့၊
မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့်
ရှိနိုင်ပါသည်။
အကြံပြုချက်
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း
ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။