အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့
မြန်မာစံတော်ချိန်(၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၁)၊၂၀၁၈
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန်(၁၅:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်
အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “တစ်လီ”
(TITLI)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအား ကောင်းလာကာ အား
အလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း“တစ်လီ”(TITLI)အဖြစ် သို့ ရောက်ရှိခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊
ဂိုလ်ပါပူမြို့ (Gopalpur)၏ တောင်-အရှေ့တောင်ဘက် မိုင်(၁၅၀)ခန့်၊ ကလင်ဂါပတ္တနမ်မြို့
(Kalingapatinam)၏ အရှေ့တောင်ဘက် (၁၂၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါ
သည်။
(ခ) အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ
ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က) အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန် (၁၅:၃၀)နာရီ
အချိန်တွင် မြောက်လတ္တီကျု (၁၆.၈)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၅.၆)ဒီဂရီတွင် ရှိပြီး၊ ဗဟိုချက်
လေဖိအား (၉၇၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၈၀)နှုန်း
ဖြစ်ပါသည်။
နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်
(က) အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသည် မြောက်-အနောက်မြောက်ဘက်သို့
ရွေ့လျားနိုင်ပြီး၊ နောက်(၁၂)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဂိုလ်ပါပူမြို့ (Gopalpur) နှင့် ကလင်ဂါပတ္တနမ်မြို့
(Kalingapatinam)ကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
(က) အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် နောက်(၄၈) နာရီအတွင်း
နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊
ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊
ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
(ခ) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်
လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်
မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါ
သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်
(၉)ပေမှ (၁၂)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်
တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊
သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။