DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၆-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့ တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

အားကောင်းသော မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၆/၂၀၁၉)  (၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ  ၆  ရက်)          (မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

အားကောင်းသော မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၆/၂၀၁၉)

 (၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ  ၆  ရက်)        

 (မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

         

(က) အားကောင်းသော မုန်တိုင်းငယ်အခြေအနေ

          (၁)      ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression) သည် သိသိသာသာရွေ့လျားခြင်းမရှိဘဲ၊  အိန္ဒိယနိုင်ငံ၊ မာယာဘန်ဒါမြို့ (Maya Bandar) (ကပ္ပလီကျွန်း-Andaman Islands)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၁၀) မိုင်ခန့်၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၄၃၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့(Pathein)၏ အနောက်တောင်ဘက် ရေမိုင်(၃၇၅) မိုင်ခန့်နှင့် ဂွမြို့(Gwa)၏ အနောက်တောင်ဘက် ရေမိုင် (၃၉၅)မိုင်ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေပါသည်။

   (၂)      အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာ နိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

 

(ခ) အားကောင်းသော မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

          (၁)       အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၃.၄)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၃) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၁)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက် နှုန်းမှာ တစ်နာရီလျှင်မိုင်(၄၀)နှုန်းဖြစ်ပါသည်။

 

(ဂ) နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်

          (၁)      အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် နောက်(၁၂)နာရီ အတွင်း ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့လည်းကောင်း၊ နောက်(၃၆) နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ် သို့လည်းကောင်း ရောက်ရှိနိုင်ပြီး၊ အစဦးတွင် အနောက်မြောက်ဘက်သို့ရွေ့လျားပြီး နောက် မြောက်-အနောက်မြောက်ဘက်သို့ကွေ့ကာ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

(ဃ) အသိပေးနှိုးဆော်ချက  

           (၁)      အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် ယနေ့ ညနေမှ နောက်(၄၈)နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။

  (၂)      မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့် ရှိနိုင် ပါသည်။

 

အကြံပြုချက်

၂။       အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် ပြည်တွင်းလေ ကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။