Thursday, March 24, 2022 - 00:30
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၂၂ခုနှစ်၊ မတ်လ(၂၃)ရက်နေ့ မြန်မာစံတော်ချိန်(၁၈:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
(က) လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန်(၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့အနီးမှ ရွေ့လျားခဲ့သော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အားပျော့ပျက်ပြယ်သွားခဲ့ပြီး ဖြစ်ပါသဖြင့် အစိမ်းရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(၂) ယခုသတင်းသည် အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။