လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၂၂ ခုနှစ်၊ မတ်လ (၁၇)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
"ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိ နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ ကနဦးတွင် အရှေ့ -အရှေ့မြောက်ဘက်သို့ ရွေ့လျားပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် နီကိုးဘားကျွန်းအနီးတို့တွင် (၂၀.၃.၂၀၂၂)ရက်နေ့၌ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျား ပြီးနောက် (၂၁.၃.၂၀၂၂)ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ဆက်လက်အားကောင်းလာနိုင်ပြီး၊ မြောက်-အနောက်မြောက်ဘက်သို့ (၂၂.၃.၂၀၂၂)ရက်နေ့ အထိ ဆက်လက်ရွေ့လျားကာ၊ ထိုမှတစ်ဆင့် မြောက်-အရှေ့မြောက်ဘက်သို့ ပြန်ကွေ့ကာ (၂၃.၃.၂၀၂၂)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ(Bangladesh)နှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုး တန်းမြောက်ပိုင်း ကမ်းခြေအနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။"