Monday, February 28, 2022 - 23:00
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်နေ့ မြန်မာစံတော်ချိန်(၂၃:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
"ယနေ့မြန်မာစံတော်ချိန် (၂၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျား မည်ဟု ခန့်မှန်းရပါသည်။"