လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
“ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ထိုင်းနိုင်ငံတောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)တစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၁၂) နာရီအတွင်း ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းသို့ ရောက်ရှိပြီး၊ အနောက်-အနောက်မြောက်ဘက် သို့ ဆက်လက်ရွေ့လျားကာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။"