Monday, June 14, 2021 - 20:30
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၂၁ ခုနှစ်၊ ဇွန်လ(၁၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
"ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿမြောက်ပိုင်း ကမ်းခြေနှင့် အနောက်ဘင်္ဂလားကမ်းခြေတို့အနီးတွင် ဖြစ်ပေါ်နေ သော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဩရိဿပြည်နယ် မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေများမှတစ်ဆင့် ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။"