ရေနည်းမည့် အခြေအနေသတင်း
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈) ရက်၊ (၁၁:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)
ဧရာဝတီမြစ်ရေသည်ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်အရ မကွေးမြို့တွင်(၄၀၉)စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယ(၁၀)ရက်ပတ်အတွင်း လက်ရှိရေမှတ်အောက် ပေဝက်ခန့်ကျဆင်းနိုင်ပြီးယင်းမြို့၏ရေနည်းသတိပေးမှတ်(၄၁၀)စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။