Thursday, April 30, 2020 - 13:00
ရေနည်းမည့် အခြေအနေသတင်း
(၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၃၀)ရက်၊ (၁၃:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)
ချင်းတွင်းမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ မုံရွာမြို့တွင် (၈၈) စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၅)ရက်အတွင်း လက်ရှိ ရေမှတ်အထက် ပေဝက်ခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၁၀၀) စင်တီမီတာ အထက်သို့ ပြန်လည်ရောက်ရှိနိုင်ပါသည်။