DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၂-၁၁-၂၀၂၄: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ် နေပြီး၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ၊ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

မြေငလျင်သတင်း

မြေငလျင်သတင်း

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၅၇)မိနစ်၊ (၂၃)စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက်တောင်ဘက် (၇၄)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သရက်မြို့၏ အနောက်မြောက်ဘက် (၅)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၃၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၁၀)ဒီဂရီ၊ အနက် (၆၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။