DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၉-၂-၂၀၂၅: ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်း နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။    

 

မြစ်ရေကြီးခြင်းသတိပေးချက်

မြစ်ရေကြီးခြင်းသတိပေးချက်

(၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၆)ရက်၊ (၁၄:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

       ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ တိုးမြစ်ရေသည် မအူပင်မြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

        သို့ဖြစ်ပါ၍ မအူပင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။