Wednesday, August 15, 2018 - 19:15
မုန်တိုင်းငယ်သတင်း
(၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့
မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂)၊၂၀၁၈
မုန်တိုင်းငယ်အခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်
အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်(Depression)သည် အိန္ဒိယ နိုင်ငံ၊
သြရိဿကမ်းခြေကို ဘူဘမ်နဆွာမြို့ (Bhubaneswar) အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး
ဖြစ်ပါသည်။