DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၈-၀၃-၂၀၂၄):ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ်(၀၄/၂၀၂၀)"

" မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ်(၀၄/၂၀၂၀)"

(၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁၅)ရက်နေ့ထုတ်ပြန်ချက်)

 "မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးကြိုကာလဖြစ်သည့် ဧပြီလမှ မြန်မာနိုင်ငံသို့

အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း လေထုမငြိမ်မ

သက်မှုများကြောင့်လည်း‌ကောင်း၊ နေ့အပူချိန်များ တစ်ဖြည်းဖြည်း မြင့်

တက်လာရာမှ အပူပျံတက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင်

မိုးတိမ်တောင်များ ဖြစ်ထွန်းခြင်းကြောင့်လည်းကောင်း၊ လေပြင်းများ တိုက်

ခတ်ခြင်း၊ လေပြင်းနှင့်အတူထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊

မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသ

ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေ

သည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။"

အကြံပြုချက်

          သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မိုးကြိုကာလဖြစ်သည့် ဧပြီလမှ

မြန်မာနိုင်ငံသို့ အနောက်‌တောင်မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း

ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ အထူးဂရုပြု

နေထိုင်သွားကြပါရန် ကြိုတင်သတိပေး နှိုးဆော်အပ်ပါသည်။