DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၁၈-၅-၂၀၂၄ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ် အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဒုတိယ (၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယ (၁၀)ရက်ပတ်အတွက်

မိုးလေဝသခန့်မှန်းချက်

(၈- ၂-၂၀၁၅)ရက်နေ့တွင် ထုတ်ပြန်ပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပါသည်။ဘင်္ဂလားပင်လယ်

အော်မြောက်ပိုင်းတွင်အများအားဖြင့်သာယာနိုင်ပြီး၊ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်

တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါသည်။

မိုးရွာရက်အခြေအနေ

တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်(၃)ရက်ခန့်၊

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊

ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်(၂)ရက်ခန့်နေရာကွက်ကျားမိုးအနည်းငယ်ရွာနိုင်ပြီး၊ကျန်တိုင်းဒေသ

ကြီးနှင့်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါသည်။

ညအပူချိန်အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊

ကချင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်ဖေဖော်ဝါရီလ၏ပျမ်းမျှအပူချိန်တို့ထက်အနည်းငယ်ပိုနိုင်ပြီး၊

ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်ဖေဖော်ဝါရီလ၏ပျမ်းမျှအပူချိန်ခန့်သာရှိနိုင်ပါသည်။

မြူ အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကယားပြည်နယ်နှင့်

ကရင်ပြည်နယ်တို့တွင်(၅)ရက်မှ(၆)ရက်ခန့်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်(၄)ရက်ခန့်နံနက်ပိုင်း

တွင်မြူ ထူများဆိုင်းနိုင်ပါသည်။