" ထူးခြားမိုးလေဝသအခြေအနေသတင်း"
(၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်၊ မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်ထုတ်ပြန်ချက်)
ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ်(၀၆/၂၀၁၈)
(က)ယနေ့မြန်မာစံတော်ချိန် (၀၆:၀၀)နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က ထိုင်းပင်လယ်
ကွေ့တွင် ဖြစ်ပေါ်ခဲ့သော အပူပိုင်းမုန်တိုင်းငယ် (Tropical Depression)သည် ထိုင်းနိုင်ငံ၊ ပရာချ
ရက်ခိရီခန်မြို့ (Prachuap Khiri Khan)အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး၊ လေဖိအား
နည်းရပ်ဝန်းအဖြစ် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ၊ တနင်္သာရီတိုင်း
ဒေသကြီးအား ဖြတ်ကျော်ပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်
ဆက်လက်တည်ရှိနေပါသည်။