DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၁၈-၅-၂၀၂၄ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၀၇/၂၀၂၁)

ဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၀၇/၂၀၂၁)

 (၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ (၃)ရက်နေ့ မြန်မာစံတော်ချိန်(၂၂:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

 (က)   ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အခြေအနေ                                                                                                  

(၁)     ယနေ့မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)  “ဂျဝပ်ဒ်  (JAWAD)”သည် မြောက်-အနောက်မြောက်ဘက် သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း(Coco Island)မြို့၏ အနောက်- အနောက်မြောက်ဘက် ရေမိုင် (၅၀၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyigyun) မြို့၏ အနောက်ဘက်ရေမိုင် (၅၅၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Vishakhapatnam)၏ အရှေ့တောင်ဘက် ရေမိုင်(၁၆၅) မိုင်ခန့်၊ ဂိုလ်ပါပူ (Gopalpur)မြို့၏ တောင်ဘက်ရေမိုင် (၂၂၅)မိုင်ခန့်၊ ပူရီ(Puri)မြို့၏ တောင်-အနောက် တောင်ဘက်ရေမိုင် (၂၆၅)မိုင်ခန့်နှင့် ပါရာဒစ်ရှ် (Paradip)မြို့၏ တောင်- အနောက် တောင်ဘက် ရေမိုင်(၃၀၀) မိုင်ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂)      ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)  “ဂျဝပ်ဒ်  (JAWAD)”၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ ပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ)     ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)  “ဂျဝပ်ဒ်  (JAWAD)”၏တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)  “ဂျဝပ်ဒ်  (JAWAD)”သည် မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၅.၅)ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု(၈၄.၉)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၉)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။

                               

(ဂ)     နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)  “ဂျဝပ်ဒ်  (JAWAD)”သည် ပိုမို အားကောင်းလာပြီး မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ၊ (၄. ၁၂ .၂၀၂၁) ရက်နေ့၌ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်း ကမ်းလွန်-ဩရိဿတောင်ပိုင်းကမ်းခြေ)သို့ ရောက်ရှိနိုင်ပါသည်။ ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ပြန်ကွေ့ကာ ဩရိဿကမ်းခြေတစ်လျှောက် ရွေ့လျား ပြီး၊ (၅.၁၂.၂၀၂၁)ရက်နေ့တွင် ပူရီမြို့အနီးသို့ရောက်ရှိပြီးနောက်၊ မြောက်-အရှေ့ မြောက်ဘက်သို့ဆက်လက် ရွေ့လျားကာ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေသို့ ရောက်ရှိ နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ)    သတိပေးနှိုးဆော်ချက် 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)  “ဂျဝပ်ဒ်  (JAWAD)”၏ အရှိန် ကြောင့် နောက်(၇၂)နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ ကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်း အသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။

                                                                                 

(င)     အကြံပြုချက်

သို့ဖြစ်ပါ၍ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)  “ဂျဝပ်ဒ်  (JAWAD)”၏အရှိန် ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါ ရန် အသိပေးနှိုးဆော်အပ်ပါသည်။