DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၉-၁၂-၂၀၂၄: ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၂/၂၀၁၉)
      (၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၈)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၈)ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်တွင်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့်

ဆိုင်ကလုန်းမုန်တိုင်းသတင်း

ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော

အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့ တွင် ဖြစ်ပေါ်နေသော

ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)"ဖန်နီ"(FANI)သည် သိသိ သာသာ

ရွေ့လျားခြင်းမရှိဘဲ၊ သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့ (Trincomalee)၏

အရှေ့-အရှေ့တောင်ဘက် (၄၀၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai)၏

အရှေ့တောင်ဘက် မိုင်(၅၇၀)ခန့်၊ မာချီလီပတ္တနမ်မြို့ (Machilipatnam)၏

တောင်-အရှေ့တောင်ဘက် မိုင် (၆၆၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)သည် အနောက်မြောက်ဘက်သို

့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်း"ဖန်နီ"(FANI)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်

ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
 
ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)သည် မြန်မာစံတော်ချိန် (၁၁:၃၀)နာရီ

အချိန်တွင် မြောက်လတ္တီကျု(၇.၃)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၇.၉)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်

လေဖိအား (၉၉၉)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၅၀)

နှုန်း ဖြစ်ပါသည်။

နောက်(၇၂)နာရီအတွင်းခန့်မှန်းချက်

(က)    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ"(FANI)သည် နောက်(၁၂)နာရီအတွင်း အားကောင်း

သောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)"ဖန်နီ" (FANI)အဖြစ်သို့လည်းကောင်း၊

နောက်(၃၆)နာရီအတွင်း အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe

Cyclonic Storm) "ဖန်နီ" (FANI)အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည် ဟု ခန့်မှန်းရပါ

သည်။  အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း"ဖန်နီ"(FANI)သည် အနောက်မြောက် ဘက်သို့ ရွေ့လျား

ပြီး၊ နောက်(၇၂)နာရီအတွင်း အရှေ့မြောက်ဘက်သို့ ကွေ့ကာရွေ့လျား မည်ဟု ခန့်မှန်းရပါ

သည်။

အကြံပြုချက်

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ"(FANI)နှင့်ပတ်သက်၍ ပြည်တွင်းလေကြောင်းပျံ

သန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး

ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။