DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၂-၁၁-၂၀၂၄: ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း နှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

ကုန်းတွင်းမုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၇)၊၂၀၁၈

ကုန်းတွင်းမုန်တိုင်းငယ်သတိပေးချက်
==========================
၁။ ၂၀၁၈ ခုနှစ်၊ မေလ(၃၀)ရက်နေ့ မြန်မာစံတော်ချိန် (၀၆:၀၀)နာရီအချိန်တွင်

မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့်

ကုန်းတွင်းမုန်တိုင်းငယ်သတိပေးချက်

ကုန်းတွင်းမုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၇)၊၂၀၁၈

ကုန်းတွင်းမုန်တိုင်းငယ်အခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တိုင်းထွာချက်များအရယမန်နေ့က

ဖြစ်ပေါ်နေသောကုန်းတွင်းမုန်တိုင်းငယ်(Land Depression)သည်အရှေ့မြောက်

ဘက်သို့ ရွေ့လျားခဲ့ပြီး၊ညောင်ဦးမြို့၏အနောက်မြောက်ဘက်မိုင်(၂၀)ခန့်၊ ပခုက္ကူမြို့၏

အနောက်ဘက် မိုင်(၃၀)ခန့်၊ မြင်းခြံမြို့၏ အနောက်တောင်ဘက်မိုင်(၅၀)ခန့်အကွာတွင်

ဆက်လက်တည်ရှိနေပါသည်။

နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်

(က) အဆိုပါကုန်းတွင်းမုန်တိုင်းငယ်(Land Depression)သည် နောက်(၁၂)နာရီအတွင်း

အားလျော့သွားမည်ဟုခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်
(က) အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression) ၏ အရှိန်ကြောင့် ယနေ့နံနက်မှ

နောက်(၂၄)နာရီအတွင်း နေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊

မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊

ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကယား ပြည်နယ်၊ကရင်ပြည်နယ်နှင့်

မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းနှင့်

ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေါ်ခြင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊

မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင်တစ်နာရီလျှင်(၃၅)မိုင်နှုန်းအထိ

လေပြင်းများ တိုက်ခတ်နိုင်ပါသည်။

(ခ) စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊

ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်(၂၄)နာရီအတွင်း(၇၇)မီလီမီတာ

(၃-လက်မ)နှင့်အထက်၊နေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မကွေးတိုင်းဒေသကြီးနှင့်မန္တလေး

တိုင်းဒေသကြီးတို့တွင်(၃၈)မီလီမီတာ(၁.၅-လက်မ)နှင့်အထက်ရွာသွန်းနိုင်ပါသည်။

(ဂ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်မကြာခဏမိုးသက်

လေပြင်းများကျရောက်ပြီး၊လှိုင်းကြီးရာမှလှိုင်းအလွန်ကြီးမည်။မိုးသက်လေပြင်းကျစဉ်

ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်(၄၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။လှိုင်းအမြင့်မှာ

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၆)ပေခန့်ရှိနိုင်ပါသည်။

အကြံပြုချက်

(က) အဆိုပါကုန်းတွင်းမုန်တိုင်းငယ်(Land Depression)၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း

၊ မိုးကြီးခြင်း၊ရုတ်တရက်ရေကြီးခြင်းနှင့်အတူမြေပြိုခြင်းများဖြစ်ပေါ် နိုင်ပါသဖြင့်ကုန်းမြင့်ဒေသအနီးတွင်

နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊

ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်

သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့်

ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန်

အကြံပြုအပ်ပါသည်။