Wednesday, May 4, 2022 - 20:30
ကပ္ပလီပင်လယ်ပြင်အခြေအနေ
(၂၀၂၂ ခုနှစ်၊ မေလ ၄ ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
"ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် နောက် (၄၈)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး၊ အနောက်မြောက်ဘက်သို့ရွေ့လျားကာ၊ မုန်တိုင်းငယ်အဖြစ် တစ်ဖြည်းဖြည်း အားကောင်း လာနိုင်သည်ဟု ခန့်မှန်းရပါသည်။"