DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၇-၁၂-၂၀၂၄:ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး၊ အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ နောက် ၂ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

ရည်ရွယ်ချက်

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က)     သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး
(ခ)     ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်း ခရီးသွားလာမှု လုံခြုံချောမွေ့စေရေး
(ဂ)     နိုင်ငံတော်၏စားနပ်ရိက္ခာ ထုတ်လုပ်မှု ပိုမိုတိုးတက်စေရန် အထောက်အကူပြုရေး
(ဃ)     နိုင်ငံတော်၏ အထူးစီမံကိန်းနှင့် လုပ်ငန်းကြီးများအတွက် အထိရောက်ဆုံး အထောက်အကူပြုရေး
(င)     ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတပစ္စည်းများ ကာလကြာရှည်စွာ ထုတ်ယူ အသုံးပြုရေး
(စ)     ဌာန၏လုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် သုတေသန၊ ပညာပေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ရေး