Wednesday, January 19, 2022 - 21:45

မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၂၁:၂၅ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၀၂)မိနစ်၊ (၁၂)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၄)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ထန်တလန်မြို့၏ မြောက်-အရှေ့မြောက်ဘက် (၇)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၇၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၄၅)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။