DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၂-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

Earthquake News

မြေငလျင်သတင်း

၂၀၂၁ ခုနှစ်၊ ဇန်န၀ါရီလ (၂၃) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၃)နာရီ(၄၄)မိနစ်(၄၃) စက္ကန့် အချိန်တွင် တမူးမြေလျင်စခန်းမှ အရှေ့‌-အရှေ့မြောက်ဘက် (၄၉)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဖောင်းပြင်မြို့၏ အရှေ့မြောက်ဘက် (၁၈)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၃၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၈)ဒီဂရီ၊ အနက် (၁၁၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။