ဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၀၈/၂၀၂၀)
(၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ၂ရက်)
(မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
(က) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)"ဘူရီဗီ"(Burevi)သည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီ(Trinco- malee)မြို့၏ အရှေ့ဘက်ရေမိုင်(၁၃၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပမ်ဘန်း((Pamban)မြို့၏ အရှေ့-အရှေ့ တောင်ဘက် (၂၅၅)မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ကန်ညာကူမာရီ(Kanyakumari)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၃၅၀)မိုင်ခန့်နှင့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။
(၂) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)"ဘူရီဗီ" (Burevi)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)"ဘူရီဗီ"(Burevi)သည် မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၈.၂)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၃.၄)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၉)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)နှုန်း ဖြစ်ပါသည်။
(ဂ) နောက်(၁၈)နာရီအတွင်းခန့်မှန်းချက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)"ဘူရီဗီ"(Burevi)သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရေွ့လျားပြီး၊ ယနေ့ညပိုင်းတွင် သီရိလင်္ကာနိုင်ငံ၊ ကမ်းရိုးတန်းကိုထရီကိုမာလီ(Trincomalee)မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။